International News

ယူအေအီးနိုင်ငံ၏ ၂၀၂၃ ခုနှစ် သြဂုတ်လအတွက် စက်သုံးဆီစျေးနှုန်းများ

Last Updated:

ယူအေအီးနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများသည် သြဂုတ်လအတွင်း မြင့်တက်လာပါသည်။ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ Super 98 ကို တစ်လီတာလျှင် အေအီးဒီ ၃.၁၄(1794.61 ကျပ်)နှုန်းဖြင့် ရောင်းချမည်ဖြစ်ရာ ယခင်ဇူလိုင်လကထက် တစ်လီတာလျှင် အေအီးဒီ ၀.၁၄ မြင့်တက်သွားပါသည်။ အလားတူ Special 95 ကို ယခင်ဇူလိုင်လက တစ်လီတာလျှင် အေအီးဒီ ၂.၈၉ ဖြင့် ရောင်းချခဲ့ရာမှ ယခုဩဂုတ်လတွင် အေအီးဒီ ၃.၀၂(1726.04 ကျပ်)နှုန်းဖြင့် ရောင်းချမည်ဖြစ်ပါသည်။ E-Plus 91 ကို ယခင်ဇူလိုင်လက တစ်လီတာလျှင် အေအီးဒီ 2.81 ဖြင့်ရောင်းချခဲ့ရာမှ ယခုဩဂုတ်လတွင် အေအီးဒီ၂.၉၅(1686.07 ကျပ်)နှုန်းဖြင့် ရောင်းချမည်ဖြစ်ပါသည်။ ဒီဇယ်ဆီဈေးနှုန်းများမှာလည်း ယခင်လက တစ်လီတာလျှင် အေအီးဒီ ၂.၇၆ ဖြင့်ရောင်းချခဲ့ရာမှ ယခုလတွင် အေအီးဒီ ၂.၉၅(1686.07 ကျပ်)နှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး အထက်ပါစျေးနှုန်းများတွင် VAT ငါးရာခိုင်နှုန်းပါဝင်မည်ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် သြဂုတ်လမှစတင်၍ ယူအေအီးနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနသည် ကမ္ဘာ့ပျမ်းမျှစျေးနှုန်းများနှင့်အညီ စက်သုံးဆီစျေးနှုန်းသတ်မှတ်သည့်အလေ့အထကို လက်ခံကျင့်သုံးခဲ့ပါသည်။ ထိုကဲ့သို့အပြောင်းအလဲမပြုလုပ်မီ ယခင်က ယူအေအီးအစိုးရသည် နိုင်ငံတကာစက်သုံးဆီစျေးနှုန်းအတက်အကျများကြောင့် စားသုံးသူများကို တိုက်ရိုက်ထိခိုက်ခြင်းမှ ကာကွယ်ပေးရန်အတွက် ယူအေအီးနိုင်ငံတွင် စက်သုံးဆီစျေးနှုန်းများကို အထောက်အပံ့ပေးခဲ့ပါသည်။ 

(1 AED = 571.53 KYAT/ 0.2722 US$, xe.com)

အရင်းအမြစ်   -         focus.hidubai.com

ပေးပို့သူ         -         ဦးနန္ဒာစိုးမြင့်                         

 

Category: International News